Pages
!-kp-3နည်းပညာ-http:>





















Saturday, June 22, 2013
ကရင့်တော်လှန်ရေးသူရဲကောင်း
ဗိုလ်မှုးမောင်ကလေး ကို ၁၉၁၂ တွင်ဟင်္သာတမြို့ ၌ မွေးဖွါးခဲ့ပါသည်။ မိဘများမှာ ဦးမြ နှင့် အန်တီဂျယ်နီ ဖြစ်ပြီး ပုဂံမင်း နှင့်မင်းတုန်းမင်းလက်ထက်
စစ်သူကြီးတစ်ဦး ဖြစ်သော ဗိုလ်ရွှေဂဲ၏မြစ် ဖြစ်ပါသည်။ အသက် ၂၅ နှစ်ခန့် တွင် စစ်ထဲသို့ဝင်ခဲ့ပြီးမေမြို့စစ်တက္ကသိုလ် တွင် နည်းပြအဖြစ်တာဝန်
ထမ်းဆောင်ခဲ့သလို ကရင့်ရိုင်ဖယ်တပ်ရင်း အမှတ်(၂)တွင်လည်း တာဝန်ထမ်း ဆောင်ခဲ့ ပါသည်။ ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ရာတွင် ပါဝင်ခဲ့ပြီး
ကရင့်တော်လှန် ရေး စတင်ခဲ့ချိန်တွင်ပဲခူးရိုး မ တွင်အခြေပြု ပါဝင်ခဲ့ပါသည်။ မိသားစုရေးကို ဂရုမစိုက်အားဘဲ တော်လှန်ရေးခရီးကြမ်းကိုပဲခူးရိုးမ နှင့်
ဧရာဝတီတိုင်း တွင် (၂၅) ဆက်တိုက် ဖြတ်သန်းခဲ့ပါသည်။ ရင်ကြပ် နှင့် လိပ်ခေါင်းရောဂါကိုအံတုလျက်ရာသီဥတုကြမ်းတမ်းသော ပဲခူးရိုးမတွင်ဆင်း
ရဲစွာ လူမျိုးတွက် အနစ်နာခံ တိုက်ပွဲဝင်ခဲ့သည့် တော်လှန်ရေးသူရဲ ကောင်းတစ်ဦး ဖြစ်ပါ သည်။ တော်လှန်ရေး အစိုးရ ဦးနေ၀င်း လက်ထက်တွင်
ဗိုလ်မှုးမောင်ကလေး ကိုရရှိရန် သူ၏ ဇနီးနန့်အေး သန့် နှင့် သားထွေး ချစ်ကိုကို တို့ကို ဖမ်းဆီးပြီး မြောင်းမြထောင်ထဲတွင် ဓါးစားခံအဖြစ် ချုပ်နှောင်
ထားခဲ့ပါသည်။
KNU ဗဟိုကော်မတီ တစ်ဦးလည်းဖြစ်သူ ဗိုလ်မှုးမောင်ကလေးသည် ဧရာဝတီတိုင်း၊ ငပုတော တွင်ရှိ စဉ် စစ်အစိုးရ၏ ဖြတ်လေးဖြတ် နှင့်ရင်ဆိုင်ခဲ့ရပါ
သည်။ စစ်အစိုးရတပ်မှလည်းဗိုလ်မှုးမောင်ကလေး အဖွဲ့ကို သဲကြီးမဲကြီး လိုက်လံဖမ်းဆီးပါသည်။ ငပုတော တောင်ကုန်း တွင် တပ်အင်အားနှင့် အရပ်
သားများကို အဓမ္မစုဆောင်းပြီး ဗိုလ်မှုးမောင်ကလေးကိုဝိုင်းဝန်း ၍ ပိုက်စိပ်တိုက်ရှာသော်လည်း ဗိုလ်မှုးမောင် ကလေးသည် သီသီကလေးဖြင့် အကြိမ်
်ကြိမ်လွှတ်မြောက်ခဲ့ပါသည်။ နောက်ဆုံးတွင် တပ်သားနှင့် အရပ်သားရောပြီး လက် ခြင်းတွဲပြီး ပိုက်စိပ်တိုက် တောနှင်းရှာသောအခါ မှ အစာရေစာ
ပြတ်လပ်နေသော ဗိုလ်မှုး မောင်ကလေးကို မိပါတော့သည်။ သူ့ကိုဖမ်းဆီးသောအခါ မေမြို့စစ်တက္ကသိုလ် တွင် သင်ကြားပေးခဲ့ရသော တပည့်များပါ
ဝင်ခဲ့ပါသည်။ တပည့်များက-
“ ဗိုလ်ကြီး လက်နက်ချကြောင်းသာပြောပါ။ ကျန်တာတွေအဆင်ပြေအောင်ကျွန်တော်တာ ၀န် ယူပါတယ်”
ဗိုလ်မူးမောင်ကလေးသည် KNU လမ်းစဉ်မူဝါဒများကို ရှင်းပြလျှက်သူတို့ခေါ်ရာသို့လိုက် သွားပါသည်။ ထိုစဉ်က ကဒက်ချောင်းကျေးရွာခေါ်ယခုရွာ
နံမည် တာကွယ်လူ ( ဗမာနံမည် တကွက်လူ)၊ ငပုတောသို့ ဖမ်းဆီးခေါ်ဆောင်လာပါသည်။ ရွာသို့ရောက်သောအခါ KNU အဖွဲ့မှ အလင်းဝင်ခဲ့သော
ဗိုလ်ကျားနှင့်အဖွဲ့အပါအ၀င် ရွာသားများကို ခေါ်ယူပြီးတာကွယ်လူဘုရားကျောင်းအောက်တွင်စုဆည်းပြီး ဗမာစစ်ဗိုလ် မှစည်းရုံးရေးတရားများဟော
ကြားခဲ့ပါ သည်။ သူစကားပြောပြီးသောအခါ ဗိုလ်မှုးမောင်ကလေးကသူအား စကားပြောခွင့်ပေးရန် ခွင့်တောင်းပါသည်။စစ်အစိုးရတပ်မှ စစ်ဗိုလ်က-
“ အခု ဦးမောင်ကလေး မှ စကားအနည်းငယ်ပြောပါ့မယ်”
ဗိုလ်မှုးမောင်ကလေးမှထပြီးဗမာလိုပြောသည်မှာ-
“ ကျွန်တော် ဦးမောင်ကလေးမဟုတ်ပါ။ ကျွန်တော် ဟာ KNU ဗဟိုကော်မတီဝင်တစ်
ယောက်ဖြစ်ပါတယ်။ ကျွန်တော့် ကို ဦးမောင်ကလေး ဟုမခေါ်ပါနှင့်။ ကျွန်တော့် ကို
KNU ဗဟိုကော်မတီဝင် မောင်ကလေး လို့ဘဲခေါ်ပါ”
ထို့နောက်ဗိုလ်မှုးမောင်ကလေးမှ ကရင်လိုဆက်ပြောသည်မှာ-
“ကျွန်တော့်ကိုဖမ်းတဲ့ ဒီစစ်ဗိုလ်ဟာ တစ်ချိန်က မေမြို့စစ်တက္ကသိုလ်မှာ ကျွန်တော်သင်
ကြားပေးခဲ့ရတဲ့ ကျွန်တော့် တပည့်တွေဖြစ်ပါတယ်။ ဒီစစ်ဗိုလ်က ကျွန်တော့်ကို အလင်းဝင်
ကြောင်းပြောခိုင်းပါတယ်။ အဲဒီလိုပြောရင် ကျန်တဲ့ကိစ္စတွေအားလုံးအဆင်ပြေအောင် တာ
ဝန်ယူကြောင်းပြောပါတယ်။ ကျွန်တော်သူတို့ကို ပြန်ပြောတယ် မောင်ကလေးဟာ လက်
နက်ချခြင်းအလုပ်ကို တစ်သက်လုံးမလုပ်ဘူး။ ”
ဗိုလ်မှုးမောင်ကလေးသည် အလင်းဝင်ခဲ့သော ဗိုလ်ကျားကို ကြည့်လျှက်ပြောသည်မှာ-
“ဗိုလ်ကျား- ငါ့ကိုမဖမ်းခင် ဒီနေရာမှာ KNU ဗဟိုကော်မတီတစ်ဦးအနေဖြင့် ငါစကားလာ
ပြောခဲ့တယ်။ အခု ငါ့ကို ဖမ်းမိပြီးဒီနေရာရောက်လာတယ်။ ဖမ်းတဲ့ငါ့တပည့်တွေက အ
လင်းဝင်ကြောင်းပြောခိုင်းတယ်။ ငါ သူတို့ကိုပြန်ပြောတယ်၊ လက်နက်ချပြီး ငါ့လူမျိုးတွေရဲ့
သိက္ခာ၊ KNU သိက္ခာ ကျအောင် ငါဘယ်တော့မှမလုပ်ဘူး။ အခုလည်းမလုပ်ဘူး၊ နောင်
လည်းမလုပ်ဘူး။ သူတို့ငါ့ကို သတ်လည်းသတ်ပါစေ။ မောင်ကလေးဟာ ဘယ်တော့မှ
လက်နက်မချဘူး။ ဇင်ရော်ဌက်တွေဟာ ရာသီဥတုကိုလိုက်ပြီး သူတို့ခေါင်းတွေဟာ ဖြူ
လိုက် မဲလိုက်ဖြစ်တတ်တယ်။ မောင်ကလေးဟာ ဇင်ရော်မဟုတ်ဘူး။ အခု မောင်ကလေး
လက်နက်ချတာမဟုတ်ဘူး။ သူများဖမ်းမိသွားတာဖြစ်တယ်။ မောင်ကလေးဟာ သူ့လူမျိုး
နှင့် KNU ၏ ယုံကြည်ချက်မူအတိုင်း အသေခံမှာ ဖြစ်တယ်။ငါပြောတာဟုတ်လားဗိုလ်ကျား”
ဗိုလ်ကျား နှင့်အဖွဲ့သည် ဘာမျှမပြောဘဲ စိတ်မကောင်းစွာဖြင့် အောက်သို့စိုက်ကြည့်နေပါ သည်။
ထို့နောက် ဗိုလ်မှုးမောင်ကလေးကို ပုသိမ်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။
ဖမ်းဆီးခြင်းခံရပြီး ရောဂါဖိဆီးမှု့ကြောင့် ပုသိမ် ဆေးရုံသို့ ပို့ဆောင်ခြင်းခံရသော်လည်း ဆေးကုသ
ခွင့် လုံးဝ မရရှိဘဲ ဆေးရုံကုတင်ဖြင့်တွဲလျှက် လက်ထိပ်ခတ်ထားခြင်းခံရပါ သည်။ ထိုချိန်က ဗမာ့
တပ်မတော်မှ ဗိုလ်မှုးမောင်လွင်သည် ဗိုလ်ချုပ်နေ၀င်း၏စေခိုင်းချက်ဖြင့် ပုသိမ်ဆေးရုံ သို့ ရဟတ်ယာဉ်
ဖြင့်ရောက်လာပြီး သူ့ဆရာ ဗိုလ်မှုး မောင်ကလေးကို လက်နက်ချကြောင်း လက်မတ်ရေးထိုးရန် နားချ
ခဲ့ပါသည်။ လက်နက်ချ အလင်းဝင်ကြောင်း လက်မှတ်ရေးထိုးပါက စည်းစိမ်ဥစ္စာ ရရှိနိုင်ပြီးဆေးကုသ
ပေးမည်ဖြစ် ကြောင်းပြောခဲ့သော်လည်း သူရဲကောင်း ဗိုလ်မှုးမောင်ကလေးက ပြန်လည်တုံ့ပြန်ခဲ့သည်
မှာ-
“ ဟေ့ကောင်မောင်လွင်- မင်းတို့ကို ငါသင်ပေးခဲ့တဲ့ စစ်ပညာထဲမှာ လက်နက်ချတာပါသ လား၊
မောင်ကလေးဟာ ဘယ်တော့မှ လက်နက်ချတဲ့လူစားမဟုတ်ဘူး ”
ပန်းနာ ရင်ကြပ် ရောဂါကို အလူးအလိမ့်ခံစားရသည်သာမက ကုတင် နှင့်တွဲပြီးလက်ထိပ် ခတ် ထားသော်
လည်းသူရဲကောင်း ဗိုလ်မှုးမောင်ကလေး၏ စိတ်ဓါတ်သည် လုံးဝမရိုင်လဲခဲ့ပါ။ ဒိပြင်မဆုံးခင်ဆေးရုံကုတင်
ပေါ်တွင် လက်ထိပ်တန်းလန်းဖြင့်ပြောခဲ့သော စကားများသည် ရာဇ၀င်တွင်မှတ်တမ်းတင်လောက်သော
သူရဲကောင်းတို့၏ စကားအဖြစ်ရှင် သန်လျှက်ရှိနေပါသည်။ ဗိုလ်မှုးမောင်ကလေးသည် ပုသိမ်ဆေးရုံ ၌ သူ့
အား စောင့်ကြပ်နေသော ရဲဘော်များအား ဂျုတ်တောင်းပြီး လက်ထိတ်ဖြုတ်ပေးရန် တောင်းဆိုခဲ့ပါသည်။
အစောင့်ရဲဘော်မှ လိုက်လျှောပေးသဖြင့် မိမိ၏ နောက်ဆုံးချိန်ကို သိနေသော ဗိုလ်မှုးမောင်ကလေးသည်
ဆံပင်၊ မျက်ခုံး အစရှိသည့် ကိုယ်ခန္ဓာရှိ အမွှေးများ အားလုံးကို ရိတ် ကာသူ၏ အဖြူရောင် အကျဉ်းသား
အင်္ကျီ ကို ပြန်ဝတ်ခဲ့ ပြီးအသက် (၆၂) နှစ်အရွယ်၊ မေလ ၁ရက် ၁၉၇၄ တွင် ပုသိမ်ဆေးရုံ၌ ကွယ်လွန်ခဲ့ပါ
သည်။
အမိကရင်ပြည် မှကူးယူဖော်ပြသည်
Labels:
ကရင်သမိုင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment